Thursday, November 29, 2012

ဘယ်လို စား စား သုညပဲ ရတယ်။


ဘယ်လို စား စား သုညပဲ ရတယ်။



ကိုယ့်ကိုယ်ကိုယ် ခွဲစိတ်ဖို့အတွက် ဓါးတစ်လက် ထုတ်လိုက်တယ်။
ဓါးက တဆက်ဆက် တုန်နေပါလား။ ဒါဆို ရောဂါ ရှိနေပြီ။
သူ့ကို အရင်ဆုံး ဓါတ်ခွဲကြည့်ရမယ်။ ဆိုလား။
ဒါ သံမဏိပဲ။ တရွရွနဲ့ ထက်တယ်။
ဒါကြောင့်ပဲ ထင်တယ်။ သူ
အရာရာကို မကြောက်တတ်တာ။ ဒါပေမယ့်
သံမဏိလည်း ငရဲ မီး စား တယ်။
အနိစ္စ စား တယ်။ သင်္ခါရ စား တယ်။
ကျုပ်ကို တည်ပါ။
ပညာနဲ့ စား ကြည့်၊ အဖြေက သုည။
စာရိတ္တနဲ့ စား ကြည့်၊ အဖြေက သုည။
ဂုဏ်ဒြပ်နဲ့ စား ကြည့်၊ အဖြေက သုည။
ကိုယ်ခြင်းစာမှုနဲ့ စားကြည့်။ ဟော
အဖြေ ပြောင်း သွား ပြီ။ သုညကိုတော့ လွန်ခဲ့ပြီ။
ဘယ်လား။ ညာလား။ အပေါ်လား။ အောက်လား။
3D ထဲကလည်း လွတ်မြောက်ချင်ပါပြီ။ ဟိုး
အရှေ့ကို မျှော်ကြည့်ပါဦး။
ခင်ဗျား Dimension နောက်တစ်ခုကို တွေ့ကောင်းတွေ့မယ်။
အဲဒါ ကျုပ်ပဲ။
ကိုယ့်ကိုယ်ကိုယ် ခွဲရင်း ငရဲ ကျ နေ တာ။



ကြယ်စစ်သည် (10 SEP 2012)

No comments:

Post a Comment