Friday, November 30, 2012

ခေါင်း/စဉ် မဲ့


ခေါင်း/စဉ် မဲ့





စစ်ဟာ ကမ္ဘာကို မသိဘူး။
စစ်ဟာ ကဗျာကို မသိဘူး။
စစ်ဟာ ငြိမ်းချမ်းမှုကို မသိဘူး။
စစ်ဟာ စစ်က လွဲရင် စစ်စစ်ကိုလည်း မသိဘူး။

ကျုပ်တို့ ရူးကြတယ်။
ခင်ဗျားတို့ ရူးကြတယ်။
သူတို့ ရူးကြတယ်။

စစ်က မူးလည်း မူးတတ်တယ်။
မြူးလည်း မြူးတတ်တယ်။

သူ မြူးတဲ့အခါ (သို့)
သူ မူးတဲ့အခါ

စစ်ဟာ ကမ္ဘာကို သိတယ်။ သတ်တယ်။
စစ်ဟာ ကဗျာကို သိတယ်။ သတ်တယ်။
စစ်ဟာ ငြိမ်းချမ်းမှုကို သိတယ်။ သတ်တယ်။
စစ်ဟာ စစ်ကလွဲရင် စစ်စစ်ကိုလည်း သိတယ်။ သတ်တယ်။

သူ တက်(ပ်)လည်း တက်(ပ်) နိုင်တယ်။
သူ ရပ်(က်)လည်း ရပ်(က်) နိုင်တယ်။
သူ စပ်(က်)လည်း စပ်(က်) နိုင်တယ်။

သူ့ကြောင့်ပဲ ...
လူထုက စိတ် သေတယ်။
လူတစ်စုက စိတ်ရော၊ လူရော သေတယ်။

စစ်ဟာ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။

ခင်ဗျားတို့လည်း လေတယ်။
ကျုပ်တို့လည်း လေတယ်။
သူတို့ကတော့ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။

စစ်မှာ ရေရာတာ မရှိဘူး။
သေချာတာ မရှိဘူး။
တစ်သွေး၊ တစ်သံ၊ တစ်မိန့်ပဲ ရှိတယ်။
စစ်ဟာ ကိုယ်ပဲ။ ခေါင်း မရှိဘူး။

စစ်ဟာ လူထုကို ကာကွယ်ပါတယ်။
ပြောရင်းနဲ့
လူတစ်စုကို ကွယ်ကာပါတယ်။

စစ်ဟာ ...




ကြယ်စစ်သည် (29 Nov 2012)