Monday, July 15, 2013

ပထမဆုံး Enter ကျုပ်ကိုပေးပါ။

ပထမဆုံး Enter ကျုပ်ကိုပေးပါ။



Kill with me.
Click တစ်ချက်၊ အသက်တစ်ချောင်း
ကျုပ်တို့ဟာ သိုလှောင်ရုံထဲမှာ
ကျုပ်တို့ဟာ အွန်လိုင်းပေါ်မှာ
ကျုပ်တို့အနားမှာ ဘယ်သူမှမရှိဘူး။
ကျုပ်တို့ကို လူတကာကြည့်နေတယ်။
ကျေးဇူးပြုပြီး မကလစ်ပါနဲ့။
Click တစ်ချက်၊ Acid တစ်စက်၊ အသက်တစ်ချောင်း
လူကြီးမင်းတို့ကို ပြောပြဖို့
ကျုပ်တို့မှာ မျက်လုံးတွေပဲရှိတယ်။
အသံတွေ မရှိဘူး။
စကားလုံးတွေ အ နေတယ်။
မကြားရင် ကြည့်ပါ။
Kill with me. ဟာသူတို့အတွက်
ဘီလီလျံပေါင်းများစွာဟာ သူတို့အတွက်
Click တစ်ချက်ဟာ သင်တို့အတွက်
Acid တစ်စက်ဟာ ကျုပ်တို့အတွက်
လူပေါင်းများစွာရဲ့ အသက်ကို ပြန်ပေးဖို့
သူတို့တွေကို ထိန်းသိမ်းဖို့
လူကြီးမင်းတို့ကတော့ ခေါင်းတယိမ်းယိမ်းပဲ။
မျက်လုံးပေါင်းများစွာဟာလည်း Game ပဲ။
ဘီလီလျံပေါင်းများစွာဟာလည်း Game ပဲ။
ပြန်ပေးတို့လည်း သိမ်းပေါင်းများပြီ။
စတေးခံဘာသာစကားတွေလည်း ဂိန်းပေါင်းများပြီ။
With ကိုဖြုတ်ပြီး ဖတ်ပါ။
Kill me.
ကျုပ်တို့ဟာ သေပေါင်းများပြီ။



ကြယ်စစ်သည်
၉ ဖေဖော်ဝါရီ ၂၀၁၃