Sunday, September 30, 2012

ခွဲ


ခွဲ



စကားတဲ့။ ယုံတမ်းပဲ။
စကတည်းက ကားလာခဲ့တယ်။
ခြောက်လမ်းသွားမှာ အချောက်တွေ လမ်းသလားတာက အစ။
အ တဲ့ သူတွေပဲ ပြန်ပြန် စ ကြတယ်။
ဖိုးကြယ်/ မှူးနေ/ ခံနိုင်ရည် အပါအ၀င်။
ပိုးချည်တွေ ငင်ကြတယ်။ အိမ် တစ်လုံး။ နှစ်လုံး။
တချို့က ပြုံးတယ်။ တချို့က ရှုံးတယ်။ လားရာ။


စကားလုံးတွေကလည်း ယုံတမ်းပဲ။
ပုံပြင်တွေကို ဖမ်းတယ်။ ကြမ်းလို့ ဆိုရုံနဲ့
နိမ့်တာပဲ မြင်ရင် ရှမ်းတယ်။ ကစဥ့်ကလျား။
ဝင်္ကပါ။ စစ်တုရင်။ မန်နေဂျာ။


“ ငါ့ လှေ ငါ ထိုးတာ ပဲခူးရောက်ရောက်ပေါ့။ မင်း နဲ့ ဘာဆိုင်လဲ။ ”
“ ပဲခူးမရောက်ဘဲ လှေမှောက်ပြီး တဂိုးဆီရောက်သွားမှာစိုးလို့
သတိပေးတာ တားမရရင်လဲ သဘောပဲ။ ”
“ အဖေတို့ ခေတ်မှာ မရှိဘူး။ သမီးတို့ ခေတ်မှာပဲ ရှိတာ။ ”
“ ဒါနဲ့ ခေတ်ဆိုတာ ဘာလဲ။ ”


စ လိုက်တာနဲ့ တန်းယုံတာပဲ။ ရယ်သွမ်းသွေး။
မဲ့သွမ်းသွေး။
မှန် ကိုပဲ ငေးနေမိတယ်။ ဇရာ။


တစ်ခါတလေတော့ ငြုပ်ရုပ်သီးကို ဈေးကြီးပေးပြီး
ဝယ်စားချင်တာပေါ့။
ကျုပ်တို့ဟာ အစပ်ကြိုက်တတ်ကြတယ် မဟုတ်လား။ ကျိန်စာ။



မင်းသိုက်ထွန်း (၂၉ စက်တင်ဘာ ၂၀၁၂)