Monday, January 28, 2013

နှစ် / သုံး

နှစ် / သုံး





“ မိုးကို မျှော်ကြည့်တော့ တိမ်တွေကိုပဲတွေ့တယ်။
  သူတို့ကို ဖယ်နိုင်ရင် သိပ်ကောင်းမှာပဲ။ ”
  ညီမလေးပြောတော့ ချစ်သူက ရယ်တယ်။
“ နေကွယ်ခြင်းရဲ့ နောက်ကွယ်မှာ
  ရင်ဆိုင်ခြင်းတွေ ရှိတယ် ” တဲ့
“ အင်း တွေးစရာပဲ ”





ကြယ်စစ်သည် - ၂၀ ဇန်န၀ါရီ ၂၀၁၃

ကြော်ငြာတွေကို ရပ်ပေးပါ။


ကြော်ငြာတွေကို ရပ်ပေးပါ။



ခင်ဗျားတို့ကတော့ ကြော်ငြာပါပဲ။ ညာညာပြီးတော့ ကျော်မချနဲ့။
၈၅ ကနေ ၄၈အထိ
၆၃နှစ် ကြာပါတယ်။ ကျွန်တော်တို့ ၆၃နှစ်တောင် ကြာခဲ့ပါတယ်။
မြေတွေ နိမ့်ခဲ့တာ၊ သိမ့်ခဲ့တာ၊ လှိမ့်နေခဲ့ရတာ
၆၃နှစ်တောင် ကြာခဲ့ပါတယ်။
*
မငြိမ်းနိုင်တဲ့ စစ်မီးတွေက ဗမာပြည်ကို အင်္ဂလိပ်ကသိမ်း
အင်္ဂလိပ်လက်ထဲက ဂျပန်ကသိမ်း
ဂျပန်လက်ထဲက အင်္ဂလိပ်ကပြန်သိမ်း ကိုယ့်နိုင်ငံ ကိုယ်ပြန်ရဖို့
ကြိုးစားခဲ့တဲ့ ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးဟာ
သုံးဆယ်ကို နှစ်နှစ်သာစွန်းစွန်းလေး
ကမ္ဘာက သုံးဆယ့်နှစ်နှစ်ကို လေးစား *
ခင်ဗျားတို့ကတော့ ခပ်လေးလေးပဲ စားနေလည်း ဖြစ်တာပဲ။
ကြော်ငြာတွေကလည်း ဒီရေလို တရိပ်ရိပ်နဲ့ တက်လာလို့
နားထင်သွေးရောက်
ငါ့တွေ့ရင် လူတိုင်းကြောက်ရမယ်လား။ ခါးလို့။
ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို
ဘယ်ပြည်သူကမှ မကြောက်ဘူး။ ချစ်ခင်လေးစားတာ
အခုသေဆို ထသေလိုက်ကြမှာ။ သစ္စာတရား။
ခင်ဗျားတို့နားမှာ ခါးလိမ့်မယ်။
ခင်ဗျားတို့စကားတွေ ပြန်ကြားရလိမ့်မယ်။ ရူးသွပ်တာလို့
ဟားတိုက်ရယ်ဖို့ပဲ ရှိတော့တယ်။
မူလောက်ပဲ သိပြီး မူးနေတဲ့သူတွေ
လူတကယ်ကောင်းရင် မူကြမ်းလည်း လူမရမ်းဘူး။
မယုံရင် မိဘနဲ့ သားသမီးတွေ ပြန်ကြည့်ပါလား။
နားလည်နိုင်မလား။ ထားပါလေ။ ဝေးလို့။
တဆိတ် ကျေးဇူးပြုလို့ ညာညာပြီး ကျော်မချပါနဲ့။
ရင်ဘတ်ချင်းနီးဖို့။




* ကိုသော်ဇင်အုန်း၏ ကြည့်လို့ကောင်းရင် ကြော်ငြာဝင်ပြီမှ
ကြယ်စစ်သည် - 16 Jan 2013 - 11:41 PM

တြိဂံ

တြိဂံ



သူတို့ရယ်
ခင်ဗျားရယ်
ကျွန်တော်ရယ်
အထဲမှာ ပိတ်မိနေကြတယ်။



မင်းသိုက်ထွန်း - 19 JAN 2013 - 09:30 PM