Monday, September 17, 2012

ဘာပဲပြောပြော ပြီးသွားပြီ။


ဘာပဲပြောပြော ပြီးသွားပြီ။



မရလို့ မလိုခဲ့တဲ့အားက အရအမိကို ပြန်လိုချင်နေမိတယ်။
မနေ့ညက မြှပ်ချည်ပေါ်ချည် အတွေးကို
ဒီမနက်ကျမှ ဘယ်လိုပြန်ရေးမလဲ။ နှိုးပြီ။
နှိုးရပြန်ပြီ။ ဆီကုန်နေတုန်းဆိုတော့လည်း ခပ်ရေးရေးလေးပဲ လွဲတယ်။
ကင်ဆာပဲ။
ကင်လေ ဆာလေပဲ။
ရှာရင်း ဖွေရင်း လဲတယ်။
တွေးရင်း ရေးရင်း လွဲတယ်။
အစအဆုံးကို Edit လုပ်ပြီးမှ ပြန်စီပါ။
စီစီစစ်စစ် မရှိလည်း ဒီမှာတော့ ဒီဆီတွေ ရတယ်။
ဒီဆီနဲ့ပဲ နှိုးပါ။
ဒီဆီနဲ့ပဲ စားပါ။
နောက်တစ်လအတွက် ရေးမယ့်နေရာအား
အထားအသိုပြောင်းပေးပါ။ ဖူး မပါရ။ ဟူး ... မပါရလို့ ဖတ်ပါ။
ဒီဆီကို ပြောင်းပါ။
ဒီစကားလုံးကို အစားထိုးပါ။
ငိုချင်လျက် လက်တို့သူနှင့် ရထားအတူစီးပြီး ခရီးအတူ သွားပါ။
ခရီးသွားရင်း စာလည်း သွားပါစေ။ ဒီဆီကို မစားရ။
ရှေ့ဆက်ရန် မရှိတဲ့အခါ ဒီဆီအစား AD-21 ကိုထည့်ပြီး နှိုးပါ။
နိုးသည်ဖြစ်စေ၊ မနိုးသည်ဖြစ်စေ မှင်အချို့တော့ စွန်း ထင်း ပါစေ။
မီး မမွှေးရ။ မီးလို သွေးပါ။
ဒီအတွေးနဲ့ မဝေးခင်မှာ ပုဒ်မချပါ။ ရက်စွဲတပ်ပါ။
ဖြည်းဖြည်းလေးလေး ရပ်ပြီးမှ ဆွဲတင်ပါ။
အစအဆုံးကို နောက်တစ်ကြိမ် Edit ပြီးမှ Upload ပါ။
ဒီကဗျာကို မစားရ။ ဒီဆီကို မဖတ်ရ။


မင်းသိုက်ထွန်း (၁၉ သြဂုတ် ၂၀၁၂)