Friday, December 21, 2012

ဠဏ်း


ဠဏ်း



ဋ ကို ပြောင်းပြန်လှန်ထားတာပဲ။
ရေစိုတော့ မခံဘူးပေါ့။ နေပေါ့လေ။
ပူရင်လည်း နဲနဲတော့ ကျွတ်တာပေါ့။ ရွ
မနေပါနဲ့။ အတည့်ထားလည်း ဌ မှ
မဖြစ်ဘဲ။ သြော် ငရဲတွေ ကြီးကုန်ပြီလား
မသိဘူး။ အ လိုက်တာ နလပိန်းတုန်းကို
ဏ နဲ့ ပိဏ်းပြီး ဏ နဲ့ တုဏ်းနေ မိ တယ်။
ငါးစာမပါဘဲ မျှားလို့ရတဲ့ ငါး ဆိုတာ
ဂဏန်းပဲ။ မယုံရင်
ဒီဘက်ကို နဲနဲလျော့ကြည့်ပါလား။ ဟော
တည့် သွားပြီ။
ကျွန်တော်ပြောပါတယ်။ အဲဒါက ခေါင်းလို့။



မင်းသိုက်ထွန်း (၁၇ ဒီဇင်ဘာ ၂၀၁၂)