Thursday, November 29, 2012

အပျံသင်ခါစ စာကလေးတစ်ကောင်၏ ပြန်စာ

အပျံသင်ခါစ စာကလေးတစ်ကောင်၏ ပြန်စာ


ကတ်ကြေးတစ်လက်ဟာ တောက်လျောက်ပဲ လိုက်ကိုက်နေတယ်။ တစ်သိုက် ပြီး တစ်သိုက်။
ငှက်တွေကလည်း အသိုက်မှာ မရှိဘူး။ နွားကွဲလို့ ကျားဆွဲခံရတယ် ထင်တယ်။ မရေမရာ။ ကပ်
ပြီးတော့ ဂျီးများနေတယ်။ ကပ်ပြီးတော့ ချေးငှါးနေတယ်။ ကပ်သီးကပ်သက်ပဲ။ ဒီလူ ဘယ်လို
လူလဲ။ လက်ပေါက်ကပ်တယ်။ လက်က မပေါက်ဘဲ စိတ်ကဖောက်လာပြီး ညှပ်တယ်။ တိ ခနဲ။
ရိ ခနဲ။ ထိကပါး၊ ရိကပါး။ သူ့ကို သိသလားဆိုတော့လည်း သိသလိုပဲ။ ဟိုလိုလို ဒီလိုလိုပဲ။ ရိုးတိုး
ရိတ်တိတ်။ ရိုးသားမှုကို တိုးပါ။ အတိတ်ရဲ့ အရိပ်ကို ဖတ်ပါ။ ကျေးဇူးပြုပြီး နေရာတိုင်းမှာ မညှပ်
ပါနဲ့။ အရာရာဟာ နေသားတကျ ကျပ်ညပ်နေခဲ့ပါပြီ။ လျှော့ပါ။ လျော့ပါ။ အဲဒီ့ကြိုးတွေက အ
ရမ်း တင်း တာပဲ။ နေရင်းထိုင်ရင်း ဒေါသ ထွက် လာတယ်။ ပြန် ၀င် မရ။ အသွားလည်း ၀င်မရ။
မြို့တံခါးအောက်မှာ ပိတ်မိနေတယ်။ ကယ်ပါ။ သူတောင်းစားတော့ မဟုတ်။ သူတောင်းလို့ ရသ
မျှကိုလည်း စား မပစ်ရ။ ဒီနေရာဟာ တားမြစ်နယ်မြေ။ ထီမထိုးရ။ လေမရှုရ။ ထပ်၍ ဆိုပါမည်။
ဒီနေရာဟာ တားမြစ်နယ်မြေ။ မလှုပ်ရ။ ဖြတ်သန်းသွားလာခွင့် မရှိ။ မသိရ။ ရတာတွေများလို့
သေ တတ်သည်။ တတ်ပင်တတ်သော်လည်း ရေငုံနှုတ်ပိတ်/ရေမငုံဘဲ နှုတ်ဆိတ်။ ဆွံအ။ မသန်
မစွမ်းတော့ မဟုတ်။ မသန်ပေမယ့်လည်း စွမ်းသည်။ ကတ်ကြေးတစ်လက်ကဲ့သို့ ကျွမ်းသည်။
သို့သော် မကိုက်။ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ မရိုက်။ ခြင်တွေ ကိုက်သည်။
မရိုက်ဘဲ ခါ ထုတ်လိုက်သည်။ အဲဒီ့နားမှာ ရပ်မည်။ အဆုံးသတ်။


ကြယ်စစ်သည် (၅ စက်တင်ဘာ ၂၀၁၂)

No comments:

Post a Comment