Monday, February 11, 2013

For . . .

For . . .




အရောင်တွေကလည်း ပြားပန်းခတ်
အရိပ်တွေလည်း ပြားပန်းခတ်
အဲဒီဝန်းကျင်မှာ
အရာရာဟာ ချောင်းဆိုးရင်ကြပ်နေတယ်
အဲဒီဝန်းကျင်မှာ
ကျွန်တော် ရပ်နေတယ်
ခြေထောက်နဲ့ မြေကြီးဟာ ထိလု/မထိလု
ကျွန်တော် ရပ်နေတယ်
သွားနေတဲ့ အရောင်တွေနောက်ကို အပြေးလိုက်ဖို့
အရိပ်တွေနောက်ကို ပြေးလိုက်ဖို့
တချို့က မျက်လုံးစိမ်းတွေ
တချို့က မျက်ဝန်းရင်းတွေနဲ့ ကြိုလို့
အဲဒီအရပ်မှာ အရိပ်တွေ အထပ်ထပ်နဲ့ ပတ်နေတယ်
မျက်ဝန်းရင်းတွေ
တွေဝေခြင်း မရှိဘူး
ငေးမောခြင်း မရှိဘူး
ထွက်မဲ့သူကလည်း တောက်တခတ်ခတ်
ကျွန်တော် ရပ်နေတယ်
မိသားစုအတွက်
ယုံကြည်မှုအတွက်
ကျွန်တော့်အတွက်
ကျွန်တော် ရပ်နေတယ်
တစ်ချိန်ချိန်မှာ ချောင်းဆိုးရင်ကြပ်လာမယ်
အမြန်ချင်း ထပ်နေတဲ့
ဒီအရပ်အတွက်
ကျွန်တော် ခပ်လျော့လျော့လေး ရပ်နေတယ်
ချက်ခြင်း ထပြေးလိုက်ဖို့အတွက်။




မင်းသိုက်ထွန်း - ၄ ဖေဖော်ဝါရီ ၂၀၁၃